Wednesday, January 15, 2014

လေလွင့်ခွေးများ ကယ်ဆယ်ရေးအသင်း 7

သားအမိ၃ကောင်တဲကအစွန်ဆုံးကခွေးအမေကြီးပါအဖြူလေးနဲ့ခုံပေါ်ကအဝါလေးကသူ့သမီး၂ကောင်ပါ အဖြူလေးကhappy ခုံပေါ်ကအဝါလေးကsmall သူ့တို့ကိုမမွေးခင်ခွေးမလေးကပလပ်စတစ်ကောက်တဲ့ခလေးတွေနဲ့အမြဲလိုပါလာတတ်တာပါ သူကအမလေးဆိုတော့သူကလေးတွေမွေးရင်ဒုက္ခရောက်မှာတွေးပြီးပူပန်နေမိတာ ဒီတုန်းကကျမကအဲဒီမှာဆိုင်ဖွင့်နေတော့ခွေးမလေးကိုမကြာခဏတွေ့ပါတယ် သူ့ကိုတွေ့တဲ့အခါတော့ထမင်းကျွေးဖြစ်ပါတယ် ဒီလိုနဲ့ခွေးမလေးကိုမတွေ့ တာ၁ လလောက်ကြာတော့မှကျေးဇူးရှင်မကဗိုက်နဲ့ပြန်ရောက်လာပါတယ် သူ့ ဗိုက်ကျမဆီလာအပ်တာလေ အဲဒီကတည်းကဘယ်မှမသွားတော့ဘဲကျမဆိုင်မှာဘဲနေတော့တယ် သူကဗိုက်နဲ့ဆိုတော့ကျမလည်းနှင်မထုတ်ရက်ဘူးလေ ဒီလိုနဲ့ကလေးတွေမွေးတော့ ကျမဆိုင်နားကလူမရှိတဲ့အီမ်မှာမွေး၅ကောင်မွေးတာ ကလေးတွေလမ်းလျှောက်တတ်တော့ သူ့ ကလေးတွေကားတိုက်မှာဆိုးတော့ကျမဆိုင်နောက်ကို၅ကောင်လုံးချီပြီးရွှေ့လာပါတော့တယ် ၁ကောင်ကတော့သေနေပါတယ် သူ့ ကလေးအသေလေးကိုသူ့ ရင်ငွေ့တွေပေးပြီးဝပ်ထားပါတော့တယ် ကလေးအသေလေးကိုသူ့ ဆီကတော်တော်လေးချော့ယူပြီးမှပြစ်လိုက်ရတာပါ ကျန်တဲ့၎ကောင်တော့ဆိုင်နောက်မှာ ဂျက်ပုံးတွေနဲ့အိမ်လေးဆောက်ပေးတော့သားအမိတွေနွေးနွေးထွေးထွေးလေးနေရတော့ကိုယ်လည်းစိတ်ချမ်းသာ သူတို့လည်းစိတ်ချမ်းသာနဲ့ပေါ့ ဒါပေမယ့်ဆိုင်ရှင်ကကျမကိုတချိန်လုံး အပြစ်ပြောတာခံရပါတော့တယ် ဒါနဲ့ကျမလည်းခွေးလေးတွေနို့ပြတ်ရင်ယူပါ့မယ်ဆိုပြီးပြောထားရတယ် ဒီလိုနဲ့ခွေးလေးတွေကအစားလည်းကောင်းကောင်းစားရတော့ဝဝကစ်ကစ်နဲ့ချစ်စရာလေးတွေဖြစ်လာေ့ အထီးလေး၂ကောင်ကိုသူများယူသွားပြီးအမလေး၂ကောင်ကျန်နေတာ အိမ်မှာလည်းခွေး၅ကောင်ရှိတော့အိမ်မခေါ်တော့ဘဲနဲ့ဆိုင်မှာပဲထားလိုက်တော့တယ် ဆိုင်ရှင်လည်းပြောမရတာနဲ့ဘာမှမပြောတော့ဘူး တော်တော်လေးကြီးလာတော့smallက ခွေးဖမ်းတွေခေါ်သွားလို့သတင်းကြားတာနဲ့ကားဌားပြီးပလိပ်မြို့ကနေပြန်ရွေးလာရတယ်အဲနေ့ညက၁၀နာရီထိုးမှမန်းလေးပြန်ရောက်တယ် အခုတော့ကျမကဆိုင်ရွှေ့တော့သူတို့ကိုနေ့တိုင်းထမင်းသွားကျွေးရတယ် ဘုရားထဲက၆ကောင် သူ့တို့က၄ကောင် ၁ကောင်ကမဲလုံး အားလုံး၁၀ကောင် အိမ်နားလေးမှာကအကောင်၂၀ စုစုပေါင်းအကောင်၃၀ တနေ့ဆန်ကွဲ၂ပြည်နဲ့အမဲသား၁ထောင်ဖိုးနေ့စဉ်ကျွေးရတာပါ ပင်ပန်းလည်းသူတို့စားတာကြည့်ပြီးဝမ်းသာနေတော့ပင်ပန်းတယ်လို့လည်းမထင်တော့့ပါဘူး ; ; ; ;




ခွေးလေးများအတွက်မျှော်လင့်ချက်မထားပဲလှုတဲ့အလှုရှင်များအားလုံးကျန်းမာချမ်းသာကြပါစေ ရောဂါခပ်သိမ်းကင်းငြိမ်းကြပါစေ မြေဝယ်ပြီးခြံဝင်းခတ်ဖို့နဲ့အမိုးအကာအတွက် အလှုရှင်များကိုရတနာပုံသတင်းစာမှဖိတ်ခေါ်လိုက်တဲ့အတွက် ဆက်သွယ်ကြသူများနဲ့ ကာယကံမြောက်လှုဒန်းသူများကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှိပါတယ်ရှင် မြေနေရာမှာသိပ်မကျယ်သောကြောင့် ခွေးသေးလေးများနဲ့ဒုက္ခိတခွေးလေးများကိုသာဦးစားပေးခေါ်သွားမှာဖြစ်ပါတယ် ရေအတွက်ကတော့ နောက်မှာချောင်းရှိတဲ့အတွက် ပူစရာမလိုတော့ပါ မီးအတွက်တော့ အနီးဆုံခြံမှခွင့်တောင်းကာ သွယ်ယူမှာဖြစ်ပါတယ် အဓိကလိုအပ်တာကတော့ ခြံဝင်းလုံအောင်ခတ်ဖို့နဲ့ အမိုးအကာ အလုပ်သမားနေဖို့တဲဆောက်ဖို့လိုအပ်နေတာပါ ဒါတွေအားလုံးပြီးသွားလျှင်ခွေးလေးများကိုခေါ်ယူစောင့်ရှောက်သွားမှာဖြစ်ပါတယ် ကျွေးဖို့အတွက်ကတော့ ဆန်စက်မှဆန်ကွဲအလှုရှင်များမှလှုဒန်းမည်ဆိုသောကြောင့်ဝမ်းသာစရာပါ ဝန်ထမ်းစရိတ်နှင့် ခွေးလေးများကိုအသား ငါးကုလားပဲ နှင့်ကျွေးဖို့အတွက်လစဉ်အလှုငွေများကိုလိုက်လံကောက်ခံသွားပါမည် ကျန်းမာရေးအတွက် တိကုဆရာဝန်များအသင်းမှVet များမှတာဝန်ယူမှာဖြစ်ပါတယ် မြေနေရာချဲ့နိုင်လျှင်ခွေးကြီးများကိုဆက်လက်စောင့်ရှောက်သွားပါမယ် ခြံဖြစ်ပြီးသွားလျှင် ရပ်ကွက် ဈေး ကျောင်းများကို ခွေးရူးကာကွယ်ဆေးနဲ့ သားဆက်ခြားဆေးများကို လိုက်လံထိုးပေးမှာဖြစ်ပါတယ် အဲဒီအတွက်ကိုင်လို့မရတဲ့ခွေးများကိုမေ့ဆေးသုံး၍ ထိုးပေးမှာဖြစ်ပါတယ် ဆေးများကိုလည်းအလှုရှင်များနဲ့ဆက်သွယ်ပြီးခွေးရူးရောဂါမပျံပွားရေးနဲ့ လေလွင့်ခွေးပပျောက်းရေးရည်ရွယ်ချက်ကိုအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်ရှင် ခွေးများကို မသတ်ပဲနဲ့မွေးဖွားနှုန်းကိုထိန်ပေးခြင်းဖြင့် နောင်နှစ်အနည်းငယ်မှာ ခွေးများလျေ့နည်းသွားပြီး တဖြည်းဖြည်းပပျောက်သွားမှာဖြစ်ပါတယ်

No comments:

Post a Comment