Wednesday, January 15, 2014

လေလွင့်ခွေးများ ကယ်ဆယ်ရေးအသင်း 11

မန်းလေးမြို့ အောင်တော်မူ အရပ်ဆန်ဆိုင် သည်နေ့စဉ် လက်လီ လက်ကား ရောင်းဝယ် ဖောက်ကား လျှက်စီးပွား များဒီရေ အလားဖြစ် ထွန်းလျှက်ရှိ ပါတယ် ဆိုင်ရှင်များမှာ ခွေးတွေကိုတနေ့ ဆန်ကွဲ ၅ပြည် နှင့်ငါးခေါင်း ၃ပိသာနှင့် ရောနယ်ကာ ကန်ကောက် ရွှေရည်မွန် တကြော ရှိခွေးများ ကိုနေ့စဉ် ထမင်းထုပ် များထုတ်၍ကုသိုလ် ပြုသည် မှာ၅နှစ် တိုင် ရှိခဲ့ပါပြီ လွန်ခဲ့ သော၂၀၀၈ က သူတို့ကျွေး သောခွေးပျောက်၍ ခွေးဖမ်း သောဦးထွန်းလင်းခြံ သို့ရောက် ရှိရာ ခွေးတွေမြင်၍ သနားလွန်း သောကြာင့် ၁ ကောင် ၈၀၀၀ ဖြင့်ဝယ် ယူကာ ခွေး ၂၀၀ ကျော်ရေတခွန် တောင် သို့ လွတ်ပေး ခဲ့ပါတယ် လွတ်လိုက်သော ခွေးများမှာ သူတို့ သခင်ရှိရာ သို့ပြန်ရောက်လာပါတယ် အဲဒီ နောက်ပိုင်း ဆန်ဆိုင်မိသားစုမှာ စီးပွားရေး သိသိသာသာ တက်ကာ အလှုကြီး ပေးခဲ့ပါတယ် နောက်တဖန် ၂၀၁၀ မှာ၁ကောင်၁၀၀၀၀ ဖြင့်ခွေး၂၀၀ကျော် |၂၀၁၁ တွင်ခွေးအကောင် ၂၀၀၆ ကောင် ၈၀၀ ဖြင့်ဝယ် ယူကာကယ်တင်ခဲ့ပြန်ပါတယ် ကျောက်ဆည်တောင်နောက်ရွာမှ တကောင် ၇၅၀၀ ဖြင့်အကောင၈၅ ကောင် ကိုလည်းဝယ်ယူခဲ့ ပါတယ် အဲဒီနောက် နားတော့မယ်ဆို သောကြောင့် ၎င်းမိသားစုမှ ဦးထွန်းလင်း တို့အားဆန်၁အိပ် ဆီ၃ပိသာ လှုခဲ့ပါတယ် နောက်တော့တခြားအလုပ်အဆင်မပြေ သောကြောင့် ပြန်လုပ်ကိုင်ခဲ့ပါတယ်(ဆန်ဆိုင်မိသားစုမှနာမည် မဖော်လိုသော ကြော်င့် ထိန်ချန်ထားရခြင်းဖြစ်ကြောငး)်






No comments:

Post a Comment