Wednesday, January 15, 2014

လေလွင့်ခွေးများ ကယ်ဆယ်ရေးအသင်း 4

ခွေးလေးများနေဖို့အမိုးအကာများဆောက်နေပါပြီ ခွေးဖမ်းတဲ့ဦးထွန်းလင်းကအတွေ့မခံပဲရှောင်နေလို့စောင့်နေရကါတယ် သူ့သမီးကသူပြောပေးပါမယ်တဲ့ သူကအဖမ်းခံရမှာကြောက်နေတာတဲ့ ရဲနဲ့စည်ပင်ကလည်းပေါင်းစားထားတယ် စိတ်ညစ်ပါတယ်ရှင် အစောငယ် 092033937
ဒီနေ့ပုလိပ်ကပြန်လာခဲ့ပါပြီရှင် ပုလိပ်စခန်းမှုးကစဉ်ကိုင်စည်ပင်နဲ့ပဲပြောပါတဲ့စဉ်ပင်ကလိုင်စင်ချထားပေးတယ် ပြောလို့ စဉ်ပင်ကလူနဲ့ပြောတော့သူတို့ကလေလွင့်ခွေးများကိုမွေးမြူခွင့်လိုင်စင်ချထားပေးတာပါတဲ့ ခွေးနဲ့ပက်သက်လို့စဉ်ပင်ကိုပြောရင် စဉ်ပင်ကသူ့ကိုဖမ်းခိုင်းလိုက်တာတဲ့ အခုကဘုန်းကြီးတပါးကဇီဝိတဒါနလုပ်ချင်လို့ကျမတို့ကိုဆက်သွယ်လာလို့ပါ ဘုန်းကြီးကအစည်းဝေးနဲ့မို့မလာနိုင်ပါဘူးလို့ပြောတော့စဉ်ပင်ကအရာရှိကိုပြောပါဆိုတာနဲ့phနဲ့ဆက်သွယ်ပြီးပြောတော့ မနက်ဖန်ရုံးဖွင့်ချိန်လာခဲ့ပါတဲ့ညှိနှိုင်းပေးပါမယ်တဲ့ မန်းလေးမှကိုအောင်လတ်ဝင်းမှလည်းကူညီပေးသောကြောင့်ကျေးဇူးတင်ပါတယ်ရှင် ခွေးလေးများခြံကိုနောက်တခေါက်ထပ်သွားတော့ခွေးလေးများကိုအစာလည်းမကျွေးထားပါ ခွေးလေးများမှာအစာမစားရသောကြောင့်နှုံးချိကာလဲနေကြပါတယ် ခွေးဖြူလေး၁ကောင်ကတော့အသက်ငင်နေပါတယ် ခွေးမ၁အုပ်ကတော့မတွေ့တော့ပါဘူး ပြန်ပို့လိုက်ပြီလို့ပြောပါတယ် အရင်အဖမ်းခံပြီးကတည်းကဒါပထမဆုံးစဖမ်းတာပါတဲ့ ကျမခြံကပြန်ထွက်တော့အဲ့မိန်းမကြီးကနောက်ယောင်ခံလိုက်ကြည့်ပါတယ် ခွေးဖမ်းတဲ့လူတွေမြန်မြန်သေပါစေလို့ပဲ ကြိမ်ဆဲချင်ပါတော့တယ် သူတို့ကပြောသေးတယ် ခွေးတော့သနားတယ်တဲ့လူမေ့သနားဘူးတဲ့ သူတို့ကိုသနားရမယ်ဆိုပဲ သူတိုလုပ်တတ်တာလုပ်စားတာတဲ့ အသက်နဲ့ရင်းမယ်ဆိုပဲ ဒင်းတို့သေပဲမသေနိုင်ပါလား ခွေးလေးများကိုကျမတို့ခြံမှာပဲထားဖို့ဒီနေ့အားချင်းတခါးနဲ့အပေါ်မိုးကာများနဲ့အလုပ်သမားတန်းလျားများအမြန်လုပ်နေပြါီရှင် မနက်ဖြန်အင်အားစုဆောင်းထားပါတယ် အဆင်ပြေပါ့စေလို့ဆုတောင်းပေးကြပါနော်

No comments:

Post a Comment